WASH Bottleneck Analysis Tool(WASH-BAT)Workshop တွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေး အကောင်အထည်ဖော်မှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့၊ နံနက်(၀၉ဝဝ)နာရီအချိန်၊ မကွေးမြို့ ထိန်ထိန်သာဟိုတယ်၌
ကျင်းပပြုလုပ်သော WASH Bottleneck Analysis Tool (WASH-BAT) အလုပ်ရုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးအကောင်အထည်ဖော်မှုအခြေအနေရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ၊ လူမှုရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေး၊ မြို့နယ်ကျန်းမာရေး၊
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် UNASEF တာဝန်ရှိသူတို့မှ ရေရရှိရေး အကောင်အထည်ဖော်မှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ အခမ်းအနားအပြီး တွင် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။