မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေများအနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် ပေးအပ်ခြင်းနှင့် မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ ပေးအပ်သည့် အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့၊ နံနက်(၀၈ဝဝ)နာရီအချိန်၊ မကွေးမြို့ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေများအနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ်ပေးအပ်ခြင်းနှင့် မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ ပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ
ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတွင်
မြေစွန့်လွှတ်သည့် ဌာနများမှ ပြန်လည်စွန့်လွှတ်မြေဆိုင်ရာ စာရွက်စာတမ်းများအားသက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး
များထံလွှဲပြောင်းပေးအပ်ခြင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ပြန်လည်စွန့်လွှတ်မြေများအတွက် ယာယီလုပ်ပိုင်ခွင့်ပြု
လတ်မှတ်ပုံစံ(၃)များအား သက်ဆိုင်ရာတာဝန်ရှိသူများက မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်
တစ်ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်ခဲ့ပြီး ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ရရှိသည့် မူလတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။