ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၆-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၆ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်စန်းစန်းဝင်းကမြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းမှလျှပ်စစ်နှင့်သက်ဆိုင်သောတင်ဒါရွေးချယ်ရာတွင်ကြမ်းခင်းဈေးသတ်မှတ်မှုရှိ/မရှိ၊ပွင့်လင်းမြင်သာမှုရှိ/မရှိ၊တင်ဒါယှဉ်ပြိုင်သူများသိရှိအောင်တင်ဒါရွေးချယ်မှုစည်းကမ်းချက်များအားကြိုတင်ချပြမှုရှိ/မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်တင်ဒါခေါ်ယူခြင်း၊ဈေးနှုန်းဖွင့်ဖောက်အတည်ပြုသည့်အခါများတွင်ပွင့်လင်းမြင်သာမှုရှိစေရန်တင်ဒါစည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကိုနိုင်ငံတော်သမ္မတရုံးမှပြဌာန်းထားသော (၁/၂၀၁၇) ညွှန်ကြားချက်အတိုင်းလျှောက်လွှာခေါ်ယူခြင်း၊အများရှေ့မှောက်တွင်ဈေးနှုန်းဖွင့်ဖောက်အတည်ပြုမှတ်တမ်းတင်ခြင်းများဆောင်ရွက်လျှက်ရှိပါသဖြင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့်ကုမ္ပဏီအရေအတွက်မှာပျမ်းမျှ(၉၀-၁၀၀)ဦးခန့်ရှိပါကြောင်း၊ပွင့်လင်းမြင်သာမှုရှိသောတင်ဒါစနစ်ဖြစ်စေရန်လျှပ်စစ်ဌာနမှတင်ဒါခေါ်ယူရာတွင်လျှောက်လွှာရောင်းချသည့်ပုံစံ၌ (၁)လိုက်နာရမည့်စည်းကမ်းချက်များ၊ (၂)ပါဝင်ရမည့်အချက်များ၊ (၃) တင်ပြရန်အချက်များကိုပြည့်စုံစွာတစ်ပါတည်းဖော်ပြလျက်လျှောက်လွှာရောင်းချခဲ့ပါကြောင်း၊လျှောက်လွှာဝယ်ယူသူအားလုံးကိုသတ်မှတ်သည့်Spec ကိုလည်းတစ်ပါတည်းပေးစေခဲ့ပါကြောင်း၊တင်ဒါခေါ်ယူသည့်စနစ်ကို၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တင်ဒါခေါ်ယူရာတွင်ပုံစံပြောင်းလဲ၍ပစ္စည်း/ လုပ်အားကိုတစ်ပေါင်းတည်းခေါ်ယူခြင်းအစားသီးခြားစီခေါ်ယူသည့်ပုံစံကိုစတင်ကျင့်သုံးခဲ့ပြီး၊ကြမ်းခင်းဈေးသတ်မှတ်ရာတွင်ခွင့်ပြုငွေကိုအမြင့်ဆုံးသတ်မှတ်ခဲ့ပြီး၊အနိမ့်ဆုံးဈေးတင်သွင်းသူကိုအမှတ်အများဆုံးပေးသည့်စနစ်ဖြင့်သတ်မှတ်ခဲ့ပါကြောင်း၊တင်ဒါစိစစ်ရေးကော်မတီများကိုဖွဲ့စည်းရာတွင်လည်းလျှပ်စစ်ဌာနမှအင်ဂျင်နီယာ၊မန်းရေနံမြေ၊ထောက်ရှာပင်ရေနံမြေ၊စက်မှုကြီးကြပ်ဌာနတို့မှလျှပ်စစ်ကျွမ်းကျင်အင်ဂျင်နီယာများဖြင့်စနစ်တကျစစ်ဆေး၍လုပ်ဆောင်နေခြင်းဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။