ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါ၀င်သော သုံးသပ် ဆွေးနွေးပွဲအခမ်းအနားသို့ လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့တက်ရောက်

ဆောင်ရွက်ချက်များ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်
စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါ၀င်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို(၇-၇-၂၀၁၉)ရက်နေ့
နံနက်(၀၉၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးဝင်းမော်ဌေး၊ ဆောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ NGO များ၊ CSO များ၊ မီဒီယာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့မှ အမှာစကားများပြောကြားခဲ့ပြီး၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်းမှ ဆောမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက်ဆွေးနွေးပွဲအား ဆက်လက်ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ စီမံကိန်းတတိယနှစ်
စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး အားနည်းချက်၊ အားသာချက်များအား ဘဏ္ဍာနှစ်အလိုက် ခေါင်းစဉ်များဖြင့် အုပ်စု(၇)စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စု(၃)စုနှင့် ကျေးရွာ(၃)ရွာတို့အား တာဝန်ရှိသူအသီးသီးမှ ဆုများချီးမြှင့်ခဲ့ကြပြီး
စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။